FAQ - Internet MANDALAY

မေးခွန်းများ

အမေးအများဆုံး မေးခွန်းတစ်ခုကတော့ “ကျွန်ုပ်တို့အတွက် internet speed ဘယ်လောက်လိုအပ်သလဲ” ဆိုတာပဲဖြစ်ပါတယ်။ 

ဒီကိစ္စဟာ သင့်အိမ်တွင် device ဘယ်လောက်များများ သင်အသုံးပြုနေသလဲဆိုတာနဲ့ ဘယ်ဝန်ဆောင်မှုတွေကို သင်အသုံးပြုနေသလဲ (ဥပမာ - သာမန် အင်တာနက်ကြည့်ရုံ (သို့) streaming ပြုလုပ်ဖို့) ဆိုတာများအပေါ်တွင် မူတည်နေပါတယ်။ 

သာမန်အသုံးပြုသူမိသားစုများအတွက်တော့ bandwidth ကိုအများဆုံးအဆုံးပြုသည်မှာ ဖျော်ဖြေရေး content များကို streaming (သို့) download ပြုလုပ်၍ ကြည့်ရှုခြင်းပဲဖြစ်ပါတယ်။ သို့သော် အင်တာနက် ကိုအသုံးနေရတဲ့ အခြားအရေးပါတဲ့အရာများလဲ ရှိနေပါသေးတယ်။ 

- ၂ နာရီကြာမြင့်မည့် ရုပ်ရှင်တစ်ကားဟာ 2GB ခန့် ဒေတာပမာဏရှိနိုင်ပြီး 4Mbps ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုနေပါက download ဆွဲရန်အတွက် ၁နာရီ ၁၅မိနစ်ခန့် ကြာမြင့်နိုင်ပါတယ်။ သင့်ရဲ့ internet speed ကိုမြှင့်တင်ခြင်းအားဖြင့် content ကို download ဆွဲဖို့ ကြာမြင့်နိုင်တဲ့အချိန်ကို လျှော့ချနိုင်မှာဖြစ်ပြီး တူညီတဲ့ ၂နာရီကြာ ရုပ်ရှင်တစ်ကားကို download ဆွဲရာတွင် 8Mbps connection နဲ့ ဆိုပါက ထိုထက် တစ်ဝက်ခန့်သာ ကြာမြင့်နိုင်တော့မှာပဲဖြစ်ပါတယ်။ 

- Streaming ပြုလုပ်ခြင်းကတော့ ဒီအရာနဲ့ အနည်းငယ်ကွဲပြားမှုရှိပါတယ်။ Netflix ရဲ့အဆိုအရ SD streaming အတွက် .05Mbps ကို အနည်းဆုံး လိုအပ်မှာဖြစ်ပြီး SD အတွက် ရှိသင့်တယ်လို့ ညွှန်ကြားထားတဲ့ speed ကတော့ 3.0Mbps ဖြစ်ပြီး HD အတွက်မှာတော့ 5.0Mbps ရှိသင့်ပါတယ်။ သင်က ရုပ်သံများကို 4K ဖြင့် ကြည့်ရှုလိုပါက အနည်းဆုံး 16Mbps ခန့်ကို အသုံးပြုနေရမှာဖြစ်ပါတယ်။  

- သီချင်းများကို streaming ပြုလုပ်၍ နားထောင်ခြင်းအတွက်ဆိုရင်တော့ အင်တာနက် connection အနည်းငယ်သာအသုံးပြုရန်လိုအပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းကနေ နားထောင်နိုင်ဖို့အတွက် .096Mbps မြန်နှုန်းသာလိုအပ်ပြီး သင့်ကွန်ပြူတာမှဆိုပါက .1670Mbps မြန်နှုန်းသာ လိုအပ်မှာဖြစ်ပါတယ်။ 

- E-mail ပေးပို့ခြင်းနဲ့ ပတ်သက်၍ attachment များ မပါဝင်တဲ့ သာမန် email တစ်စောင်ဟာဆိုရင် 75 kilobits ခန့် ရှိမှာဖြစ်ပြီး ထိုအရာက 0.075 megabits နဲ့ ညီမျှပါတယ်။ File များပါဝင်တဲ့ e-mail များက တော့ File ရဲ့ အရွယ်အစားပေါ်မူတည်၍ အပြောင်းအလဲများ ရှိလာနိုင်ပါတယ်။ 

- PlayStation, Xbox, Nintendo Switch ကဲ့သို့သော Device များပေါ်တွင် online game ကစားခြင်းအတွက် Bandwidth usage ဟာတော့  3 – 6 Mbps ရဲ့အောက်နှင့် .75 – 1 Mbps ရဲ့ အထက်တွင် ရှိနေပါတယ်။ ဒါဟာ player တစ်ဦးအတွက် device တစ်ခုအပေါ်တွင် တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ 

- 2-way video call တစ်ခုအတွက် Skype က 1.5 Mbps download နဲ့ 1.5 Mbps upload ရှိနေသင့်တယ်လို့ သတ်မှတ်ညွှန်ကြားထားပါတယ်။ လူအများနဲ့ video call များ ပြုလုပ်ဖို့ရာမှာတော့ အနည်းဆုံး 8 Mbps download ရှိနေသင့်ပါတယ်။ 

- Facebook အသုံးပြုသူများကတော့ သာမန်ကြည့်ရှုနေစဉ်တွင် 0.03 Mbps ခန့်ကို အသုံးပြုရသော်လဲ video များကို Facebook ပေါ်မှကြည့်ရှုမယ်ဆိုပါက ဒီလိုအပ်ချက်ထက်ပိုမိုများပြားသော ပမာဏကို လိုအပ်မှာဖြစ်ပါတယ်။ 

- Internet ချိတ်ဆက်ရတဲ့ Home Security နဲ့ Automation device များဟာ 1Mbps ထက်ပိုသော speed ကို အသုံးပြုရပါတယ်။

- Smartphone များနဲ့ tablet များကတော့ မိမကအသုံးပြုနေခြင်းမရှိရင်တောင်မှ 1 Mbps ခန့်ကို အလိုအလျှောက် အသုံးပြုနေကြပါတယ်။ 

- Alexa ဟာ အသုံးမပြုပဲထားမယ်ဆိုပါက 1 Mbps ခန့်ကို အသုံးပြုနေမှာဖြစ်ပြီး သီချင်းများ streaming ပြုလုပ်ခြင်း (သို့) မေးခွန်းများကို ဖြေကြားရာတွင် နောက်ထပ်အပို .51 Mbps ခန့်အသုံးပြုရမှာဖြစ်ပါတယ်။ Smart Home Device များကို ညွှန်ကြားခိုင်းစေခြင်းပြုရာတွင်တော့ Alexa က device တစ်ခုစီအတွက် 5 Mbps ခန့်ကိုအသုံးပြုရမှာဖြစ်ပြီး video ပါဝင်တဲ့ device များအတွက်ကိုတော့ 10  Mbps ခန့်အသုံးပြုရပါ တယ်။ ဒီ device များအတွက် ရှိသင့်တယ်လို့ ညွှန်ကြားထားတဲ့ upload speed ကတော့ 3 Mbps ခန့်ရှိသင့် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ device များဟာ သင့်ရဲ့ဖုန်းများ၊ tablet များ (သို့) smart assistant များထံသို့ သတင်းအချက်အလက်များကို တင်ပို့နေရတဲ့အတွက်ပါ။ Virtual assistant များနဲ့ smart home hubs များအားလုံးအတွက် ယျေဘူယျအားဖြင့်တော့ ထို့နည်းတူပါပဲ။ Smart TV နဲ့ streaming device များတွင် လိုအပ်လာနိုင်တဲ့ bandwidth ပမာဏဟာ သင်ဘာကို streaming ပြုလုပ်နေသလဲ (ဥပမာ - live, HD, SD, 4K) အစရှိသည့်အရာများအပေါ်မူတည်၍ အပြောင်းအလဲများရှိလာနိုင်ပါတယ်။ 

- ရိုးစင်းစွာပြောရမည်ဆိုလျှင် telecommuting (online ပေါ်မှ ဆက်သွယ်ပြောဆိုခြင်း) ပြုလုပ်ရန်အတွက် သင်လိုအပ်နိုင်တဲ့ internet speed ဟာ သင်အသုံးပြုနေတဲ့ apps များ၊ device များနဲ့ ဝန်ဆောင်မှုများအပေါ်မူတည်၍ အပြောင်းအလဲများ ရှိလာနိုင် ပါတယ်။ ဥပမာ - telecommuting ပြုလုပ်ခြင်းတွင် အတွေ့များတတ်တဲ့ အရာတစ်ခုဟာ ရုပ်သံ အစည်းအဝေးပွဲများပြုလုပ်ခြင်းဖြစ်ပါတယ်။ ထိုအရာအတွက် အထက်တွင်ဖော်ပြခဲ့သလို အနည်းဆုံး 1.5 Mbps download နဲ့ upload speed ရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွမ်းကျင်သူများကတော့ telecommuting ပြုလုပ်သူတစ်ဦးအနေနနဲ့ 2 Mbps download နဲ့ 1 Mbps upload အချိန်ပြည့် ရရှိနေဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်သတ်မှတ်ထားကြပါတယ်။ သို့သော် telecommuter တစ်ဦးအနေနဲ့ 25 Mbps download/ 2 Mbps download ခန့်ကို ဝယ်ယူအသုံးပြုသင့်တယ်လို့ ကျွန်ုပ်တို့ကတော့ အကြံပြုလိုပါတယ်။ Online သင်တန်းကျောင်းများတွင် ကျောင်းသားတစ်ဦးလျှင် အနည်းဆုံး 1.5 Mbps download နဲ့ upload ရှိနေဖို့လိုအပ်ပါတယ်။ အိမ်မှတဆင့် အိမ်စာများကို online ပေါ်တွင်လုပ်နေရသော ကလေးများအတွက်လည်း ထို့နည်း၎င်းပင် လိုအပ်မှာဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ 

- အဝေးမှဆေးဝါးပေးကုသခြင်း ကျွမ်းကျင်သူ (Telemedicine experts) များကတော့ telehealth ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ဖို့ အတွက် အနည်းဆုံး 15 Mbps upload/ 3 Mbps download ကို လိုအပ်မှာဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။ 

ဒီအချက်အလက်များအပေါ် အခြေခံကြည့်ရှုလိုက်ပါက လူဦးရေ ၄ဦးမှ ၅ဦးအထိရှိတဲ့ အိမ်ထောင်စု တစ်ခုတွင် bandwidth အသုံးပြုမှုပမာဏဟာ တိုင်းတာသည့်အချိန်တိုင်းတွင် တစ်ဦးလျှင် 2-5 Mbps ခန့်ရှိနေနိုင်ပါတယ်။ 

ထို့ကြောင့် 20 – 25 Mbps bandwidth ကို အသုံးပြုဖို့အတွက် သတ်မှတ်အကြံပြုလိုပါတယ်။ အင်တာနက်မျှဝေအသုံးပြုရတဲ့ဝန်ဆောင်မှုများ - DIA မဟုတ်သည်ကို ထည့်သွင်းစဉ်းစားလိုက်ပါက ဝန်ဆောင်မှုများဟာ တစ်ခါတစ်ရံတွင် ၅၀% အောက်သို့ လျော့ကျသွားနိုင်သည့်အတွက်ကြောင့် ISP များက သင့်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်အတွက် 35 – 40 Mbps ခန့်ကိုအသုံးပြုသင့်တယ်လို့ အကြံပြုထားကြပါတယ်။ 
 
Vnet ဟာ ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုကို လက်ရှိအသုံးပြုနေသူများအတွက်သာမက၊ အသစ်တပ်ဆင်သူများအတွက်ပါ  “Best Price Guarantee” လို့ခေါ်တဲ့ အချိုသာဆုံးဈေးနှုန်းဖြစ်ကြောင်း အာမခံချက်ပေးနိုင်ပါတယ်။ ဆိုလိုသည်မှာ - အကယ်၍ လူကြီးမင်းတို့ကသာ အခြားသော ISP များထံက လူကြီးမင်းတို့ရရှိထားတဲ့ ကမ်းလှမ်းချက်အထောက်အထားကို ပြသနိုင်ခဲ့ပါက ကျွန်ုပ်တို့က ဈေးနှုန်းအရရော၊ bandwidth အရပါပိုမိုကောင်းမွန်တဲ့ offer ကို တတ်နိုင်သမျှ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။    

Complain ဖြေရှင်းခြင်းအတွက် လူကြီးမင်းတို့ဖက်မှ (၂၄) နာရီအတွင်း အမြန်ဆုံးလာရောက်လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုပါက ဝန်ဆောင်ခ ၂၀,၀၀၀ ကျပ်ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ အင်တာနက်လိုင်းပြတ်တောက်မှု၏ အကြောင်းအရင်း (error) ဟာ လူကြီးမင်းတို့ကြောင့် ဖြစ်ပွားခဲ့ပါကလည်း အဆိုပါ error အပေါ်မူတည်၍ ကျသင့်သောကုန်ကျစားရိတ်ကို ပေးဆောင်ရနိုင်ပါတယ်။
 
ပုံမှန်အားဖြင့် ကျွန်ုပ်တို့ဖက်မှ တိုင်ကြားမှုပြုလုပ်လာသည့် လူကြီးမင်းတို့ရဲ့အခက်အခဲများကို (၄၈) နာရီအတွင်း ဖြေရှင်းပေးမှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ - ရာသီဥတုဆိုးရွားခြင်း အစရှိတဲ့ အခြားသော ကြိုတင်မခန့်မှန်းနိုင်သည့် အခြေအနေများမှလွဲ၍ လူကြီးမင်းတို့ရဲ့အခက်အခဲများကို ၂၄ နာရီ (သို့မဟုတ်) ၄၈ နာရီအတွင်း အမြန်ဆုံးဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ အကယ်၍ ရာသီဥတုအခြေအနေဆိုးရွားမှုများဖြစ်ပေါ်လျှက်ရှိနေပါကလည်း ဝန်ဆောင်မှုကို (၉၆) နာရီထက် နောက်မကျစေပဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 
 
လူကြီးမင်းတို့ကို ၂၄ နာရီ၊ ၇ရက်လုံး အကူအညီပေးနိုင်ဖို့အတွက် Call center ဝန်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။ အထူးသဖြင့် Vnet ရဲ့ Facebook Page (Messenger) မှတဆင့် လူကြီးမင်းတို့တွေ့ကြုံရတဲ့ အခက်အခဲများကို ပြောကြားထားနိုင်ပြီး ကျွန်ုပ်တို့ဘက်မှ လူကြီးမင်းတို့ရဲ့ အခက်အခဲများကို တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ အခက်အခဲများကို complain ပြုလုပ်နိုင်ဖို့အတွက် Messenger (သို့မဟုတ်) 09899832040/ 09899832044/ 09765402436/ 09765402850 အစရှိသည့်ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်၍ တိုင်ကြားနိုင်ပါတယ်ခင်ဗျာ။

၁ လ ကြိုတင်အကြောင်းကြားပေးပြီး ကျွန်ုပ်တို့ဘက်မှ အခြေအနေကို စစ်ဆေးပေးနိုင်ဖို့အတွက် သင်အကြောင်းကြားမှုပြုလုပ်ထားတဲ့ Vnet မှ ဝန်ထမ်းရဲ့ အမည်နဲ့ ဖုန်းနံပါတ်ကိုလည်း မှတ်သားပေးထားဖို့ လိုအပ်ပါလိမ့်မယ်။  Device များအားလုံးကို အကောင်းအတိုင်းပြန်လည်ပေးအပ်ဖို့လည်း လိုအပ်မှာဖြစ်ပြီး ပျက်စီး၊ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက တူညီသောတန်ကြေးအတိုင်း ပြန်လည်၍လျော်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - 2.4GHz ONU ဟာ ၅၀,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး 5GHz ONU ကတော့ ၇၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
 
ပုံမှန်အားဖြင့် Downgrade ပြုလုပ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါဘူး။ သို့သော် နောက်တစ်ကြိမ်ထွက်ရှိလာမည့် invoice အတွက် ပြင်ဆင်ပြောင်းလဲလိုသည့်အချက်များကို (၁) လ ကြိုတင်အကြောင်းကြားပေးပါက ကျွန်ုပ်တို့ရဲ့ စီမံခန့်ခွဲမှုအပိုင်းသို့ တင်ပြမှုများပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိငွေပေးချေမှုပြုလုပ်ပြီးသား invoice အတွက်တော့ မည်သည့်ပြောင်းလဲမှုများကိုမှ ပြုလုပ်ပေးမည်မဟုတ်ပါ။ ဈေးနှုန်းဟာလည်း လူကြီးမင်းတို့ ပြောင်းလဲမှုပြုလုပ်လိုက်သည့် Package ဈေးနှုန်းများအပေါ်မူတည်၍ ၁,၅၀၀ ကျပ်၊ ၃,၀၀၀ ကျပ် အစရှိသည်ဖြင့် ပိုမို၍ဈေးနှုန်းမြင့်မားသွားနိုင်ပါတယ်။
 
အပိုင်ရရှိမှာမဟုတ်ပါဘူး။ တပ်ဆင်ထားတဲ့ Device တိုင်းကို Vnet သို့ အကောင်းပကတိအတိုင်း ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။ အကယ်၍ တပ်ဆင်ထားသည့် Device တွင် ပျက်စီး၊ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက တူညီသောတန်ကြေးအတိုင်း ပြန်လည်၍လျော်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - 2.4GHz ONU ဟာ ၅၀,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး 5GHz ONU ကတော့ ၇၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ အကယ်၍ တပ်ဆင်ပေးမည့် device ကို အပိုင်ရရှိလိုပါက Initial Setup Fee အနေဖြင့် ၁၂၀,၀၀၀ ကျပ်ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ 
 
Relocation Fee ဆိုတာကတော့ နေရာရွှေ့ပြောင်းမှုပြုလုပ်သည့်အခါတွင် လိုအပ်သည့် Fiber cable ကြိုးများကို ပြန်လည်သွယ်တန်းခြင်းအတွက် (cabling လက်ခနှင့် အပိုပစ္စည်းကြေးများမပါဝင်ပဲ) ကုန်ကျစားရိတ်အတွက် ကောက်ခံခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ - လမ်းဆုံလမ်းခွနေရာများမှ သင့်အိမ်သို့ Fiber Cable သွယ်တန်းမှုအတွက် Third-party တပ်ဆင်မှုဝန်ဆောင်မှုပေးသူများထံသို့ ပေးချေရသည့် အခကြေးငွေဖြစ်ပါတယ်။ Relocation Fee မှာ ၂၅,၀၀၀ ကျပ်မှ - ၃၅,၀၀၀ ကျပ်အတွင်း ကျသင့်နိုင်ပါတယ်။ Cable သွယ်တန်းမှုအတွက်ကိုတော့ ကျွန်ုပ်တို့ဘက်မှ မီတာ ၃၀၀ အထိကို အခမဲ့တပ်ဆင်ပေးမှာဖြစ်ပြီး မီတာ ၃၀၀ အထက် Cable သွယ်တန်းမှုအတွက်ကိုတော့ ၃၀,၀၀၀ ကျပ်ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်။ Relocation ပြုလုပ်ခြင်းကို (၃) ရက်အတွင်း ဆောင်ရွက်ပေးပါတယ်။ 
 
ပုံမှန်အားဖြင့် ယာယီရပ်ဆိုင်းခြင်းကို ခွင့်ပြုထားခြင်းမရှိပါဘူး။ အကယ်၍ ယာယီရပ်ဆိုင်းမှု (suspend) ပြုလုပ်လိုပါက Vnet Internet Service Provider သို့ အနည်းဆုံး (၃) ပတ်ကြိုတင်အကြောင်းကြား၍ device ကို အကောင်းပကတိအတိုင်း ပြန်လည်ပေးအပ်ကာ ယာယီရပ်ဆိုင်းမှုအတွက် ပေးဆောင်ရသည့်အခကြေးငွေ (suspension fee) ၇,၀၀၀ ကျပ်ကို ပေးဆောင်ပြီး ယာယီရပ်ဆိုင်းမှုပြုလုပ်နိုင်ပါတယ်။ 
 
ကျွန်ုပ်တို့ရဲ့ Contract Term ကတော့ ၁ နှစ်ဖြစ်ပြီး ၁ နှစ်မပြည့်ခင်အသုံးပြုမှုကိုရပ်ဆိုင်းခဲ့ပါက Termination fee ၅၀,၀၀၀ ကျပ်ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စာချုပ်ပါအချက်အလက်များကို ဖောက်ဖျက်ခြင်း/ မလိုက်နာခြင်းနှင့် ကျွန်ုပ်တို့ဘက်မှ ဌားရမ်းဝန်ဆောင်မှုပေးထားသည့် device များကို ပြန်လည်ပေးအပ်မှုမရှိခြင်းတို့ ဖြစ်ပွားခဲ့ပါက ရှိစွဲတရားဥပဒေများနဲ့အညီ ဆက်လက်ဖြေရှင်းသွားမှာဖြစ်ပါတယ်။

Payment Term အနေနဲ့ (၄) မျိုးရှိပါတယ် - 

(၁) လစဉ် ငွေပေးချေခြင်း
(၂) Quartely (သို့မဟုတ်) ၃ လတစ်ကြိမ် ငွေပေးချေခြင်း
(၃) ၆ လတစ်ကြိမ် ငွေပေးချေခြင်း
(၄) နှစ်စဉ်ငွေပေးချေခြင်း
 
2.4GHz လှိုင်း (frequency) ကို အသုံးပြုတဲ့ router များဟာ အသုံးပြုသူအတွက် ပိုမိုကျယ်ပြန့်သော ဧရိယာမှ ချိတ်ဆက်အသုံးပြုနိုင်စေမှာဖြစ်ပြီး ထူထဲသည့်အရာဝတ္ထုများကို ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်စွမ်းရှိပါတယ်။ မြန်နှုန်းအားဖြင့်တော့ 50 Mbps မှ 70 Mbps အထိကို 2.4GHz Router များဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ် (မြေပြင်အခြေအနေများအပေါ် မူတည်၍ အပြောင်းအလဲများရှိနိုင်ပါသည်)။ ဒီလှိုင်းအလျားကို အသုံးပြုတဲ့ router များဟာ 5GHz router များနှင့် နှိုင်းယှဉ်ပါက အသုံးပြုနိုင်သည့် data ပမာဏ ပိုမိုနည်းပါးပြီး interference များနဲ့ အခြားသော လိုင်းဆွဲအားကို အနှောက်အယှက်ဖြစ်စေသောအရာများရဲ့ ဒါဏ်ကိုတော့ ခံနိုင်ရည်အားပိုမိုနည်းပါးလေ့ရှိပါတယ်။ 

5GHz လှိုင်း (frequency) ကိုအသုံးပြုတဲ့ router များကတော့ အသုံးပြုသူအဖို့ ပိုမိုများပြားတဲ့ဒေတာပမာဏကို ပိုမိုပို့လွှတ်ပေးနိုင်စွမ်းရှိပြီး interference မရှိသလောက်နည်းပါးကာ အိမ်သုံး wifi တပ်ဆင်မှုများအတွက် မြန်ဆန်တဲ့ အင်တာနက် speed ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီအားသာချက်တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ၎င်းဟာ 2.4GHz များနှင့် နှိုင်းယှဉ်ပါက ချိတ်ဆက်အသုံးပြုနိုင်မည့် ဧရိယာပမာဏ ပိုမိုကျဉ်းမြောင်းသွားပြီး ထူထဲသည့်အရာဝတ္ထုများကို ကောင်းမွန်စွာဖြတ်သန်းနိုင်စွမ်း နည်းပါးသွားမှာဖြစ်ပါတယ်။ 

ကျွန်ုပ်တို့ဘက်က အကြံပြုလိုတာကတော့ wifi လိုင်းဆွဲအားကို ကောင်းမွန်စွာရရှိနိုင်ဖို့အတွက် အင်တာနက်အသုံးပြုလိုတဲ့နေရာ (သို့မဟုတ်) သင့်ရဲ့ အခန်းထဲသို့ နောက်ထပ် router တစ်လုံးနဲ့ extend ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Router ကို အိမ်ရဲ့ အလယ်ခေါင်ကျပြီး မြင့်တဲ့နေရာ၊ အခြားသော လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ Microwave, Soundbox = Amplifier, ရေခဲသေတ္တာ၊ လျှပ်စစ်ကြိုးနှင့် သံထည်ပစ္စည်းများ အစရှိတဲ့အရာများနဲ့ဝေးရာမှာထားရှိပေးဖို့အတွက် ကျွန်ုပ်တို့တပ်ဆင်မှုပြုလုပ်တဲ့အခါမှာ ပုံမှန်အားဖြင့် အကြံပြုပေးလေ့ရှိပါတယ်။ Router ဈေးနှုန်းတွေကတော့ 2.4GHz ONU အတွက် ၅၀,၀၀၀ ကျပ် နှင့် 5GHz ONU အတွက် ၇၀,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး extend ပြုလုပ်ပေးသည့်အတွက် တပ်ဆင်ခ ၁၅,၀၀၀ ကျပ်နှင့် နောက်ထပ်တပ်ဆင်လိုက်သည့် router ထံသို့ Fiber cable သွယ်တန်းခြင်းအတွက် ကုန်ကျစားရိတ်အဖြစ် ၅ မီတာနှင့်အထက် တိုးချဲ့တပ်ဆင်မှုများအတွက် ၁ မီတာလျှင် ၁,၀၀၀ ကျပ် နှုန်းဖြင့် ပေးဆောင်ရမှာဖြစ်ပါတယ်။ 

မှတ်ချက်။    ။ အခန်း (၁) ခန်းနှင့်အထက် (သို့မဟုတ်) အထပ် ၁ ထပ်ထက် ပိုရှိပါက ပိုမိုကောင်းမွန်တဲ့ wifi signal ကို ရရှိနိုင်ရန် router များ ထပ်မံတိုးချဲ့ထားသင့်ပါတယ်။ 

(၁) KBZ Pay (Quick Pay) ကနေတဆင့် ငွေပေးချေမှုပြုလုပ်နိုင်ပါတယ်။ 
(၂) Quick Pay နဲ့ ငွေပေးချေမှုအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
(၃) UAB Bank Account _003010100013050
(၄) KBZ Bank Account : 07210307200610101
(၅) CB Bank_ 0016100500001651
(၆) အထက်ဖော်ပြပါ ဘဏ်အကောင့်များသို့အပြင် ရုံးသို့ ငွေသားဖြင့် လာရောက်ပေးဆောင်ခြင်းကိုလည်း ပြုလုပ်၍ရနိုင်ပါတယ်။ ရုံးလိပ်စာကတော့ ၆၃-A လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားဖြစ်ပါတယ်။ (Café Mandalay ရဲ့ဘေးကလမ်းအတိုင်း ဝင်လာရင် ရုံးကိုရောက်ပါလိမ့်မယ်)

ဟုတ်ကဲ့၊ စစ်ကိုင်းမှာဆိုရင်တော့ Vnet ရဲ့ wireless broadband ဝန်ဆောင်မှုကိုရရှိနိုင်ပါတယ်။ စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်နာရီစင်ကို လှမ်းမြင်ရရင် wireless တပ်ဆင်လို့ရနိုင်ပါတယ်။ 

ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်များမှလွဲ၍ မန္တလေးမြို့တွင်းရှိ အခြားသောနေရာများတွင် FTTH ဝန်ဆောင်မှုကိုရရှိနိုင်ပါတယ်။ Fiber အင်တာနက်လိုင်း တပ်ဆင်လို့ ရနိုင်/ မရနိုင်ကို သေချာစွာစစ်ဆေးပေးနိုင်ဖို့အတွက် လူကြီးမင်းတို့တပ်ဆင်လိုသောနေရာရဲ့ GPS location ကို ပေးပို့ပြီး Package ဈေးနှုန်းတွေကို ဖုန်းဖြင့်ဆက်သွယ်ပြီး အသေးစိတ်ရှင်းပြပေးနိုင်ဖို့အတွက် လူကြီးမင်းတို့ရဲ့ အမည်နဲ့ ဖုန်းနံပါတ်ကို ပြောကြားပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

၎င်းအတွက် အဓိကကြောင်းအရင်းနှစ်ခုရှိပါသည်။ ပထမတစ်ချက်မှာ တခြားသူများသည် ဝန်ဆောင်ခကို ဈေးကြီးကြီးယူ ကြခြင်းပဲဖြစ်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ ပိုပြီးအရေးကြီးသည့်အချက်ကတော့ ကျွန်ုပ်တို့တွင် ထိပ်တန်း engineer များရှိနေပြီး ၎င်း engineer များဟာ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုသည့်အဖွဲ့များဖြစ်ပါသည်။ အဆိုပါနည်းပညာသည် Data Network များကို စီမံထိန်းချုပ်ခြင်းကို ပြုလုပ်နိုင်သည့်အတွက်ဖြစ်ပဲဖြစ်ပါတယ်။ 

 အင်တာနက်မြန်နှုန်းများအပေါ်သက်ရောက်မှုရှိနိုင်တဲ့အရာတွေ များစွာရှိနေပါတယ်။ ဒီအရာများတွင် သင့်ရဲ့ကွန်ပြူတာမှ ဒေတာစင်တာသို့ အကွာအဝေးနဲ့ သင်အသုံးပြုနေတဲ့ internet provider က သင့်ရဲ့အင်တာနက်မြန်နှုန်းများကို ရည်ရွယ်ချက်ရှိရှိ အတိုး၊ အချ ပြုလုပ်နေသလားဆိုတာတွေ ပါဝင်နေပါတယ်။ အချို့သော provider များက သင့်ရဲ့ အင်တာနက်မြန်နှုန်းများကို သင်ကပမာဏတစ်ခုအထိ content များကို download ပြုလုပ်ပြီးသည့်အခါ လျှော့ချလိုက်တတ်တာသော်၎င်း၊ အချို့သောဝန်ဆောင်မှုများကို လျှော့ချလိုက်တာသော်၎င်း ပြုလုပ်တတ်ကြပါတယ်။ အကယ်၍ သင့်ထံတွင် network ပေါ်သို့ download နဲ့ upload ပြုလုပ်နေတဲ့ ကွန်ပြူတာများစွာရှိနေပါကလည်း သင့်ရဲ့အင်တာနက်မြန်နှုန်းအပေါ် ဒီအရာက သက်ရောက်မှုရှိစေနိုင်ပါတယ်။ 

သင်လက်ရှိအသုံးပြုနေတဲ့ internet connection က ဘယ်လောက်မြန်ဆန်သလဲဆိုတာကို စစ်ဆေးလိုပါက www.speedtest.net သို့သွားရောက်ပြီး "begin test" ဆိုသည့် ပုံပေါ်ကစာကို နှိပ်လိုက်ပါ။ မှတ်သားထားရမည့် အချက်တစ်ခုကတော့ ဒီ speed test ဟာ သင့်တည်နေရာအတွက်သာဖြစ်ပါတယ်။ သင့်အနေနဲ့ အင်တာနက်အသုံးပြုတဲ့အခါမှာ သင့်ရဲ့ connection ဟာ ဘယ်လောက်မြန်ဆန်မှုရှိနိုင်သလဲဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် ဒီ test ကို မြန်မာနိုင်ငံ၊ မန္တလေးမြို့အတွက်ကို သေချာစွာစစ်ဆေးကြည့်လိုက်ပါ။ 

သတိပေးချက် - speed test အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေများစွာရှိနေပါတယ်။ တိကျမှုဟာ ၃၀% ခန့် ကွဲလွဲမှုများရှိနေနိုင်ပြီး မျှဝေအသုံးပြုရတဲ့ အင်တာနက်လိုင်းများဟာ အမြဲတမ်း အမှန်တကယ်ရရှိသည်ထက် ပို၍ပြသနေတတ်ပါတယ်။ speedtest.net ဆာဗာပေါ်တွင်ရှိနေမည်မှာသင်တစ်ဦးတည်းမဟုတ်ခြင်း၊ သင်က မြန်နှုန်းများကို provide ရဲ့ server ကနေစစ်ဆေးနေတာမဟုတ်ပဲ သင်ရွေးချယ်ထားတဲ့နေရာတစ်ခုကနေ စစ်ဆေးနေခြင်း၊ အစရှိသည့်အရာများကြောင့်လည်း သက်ရောက်မှုများရှိလာနိုင်ပါတယ်။ 

အကယ်၍ ထို speed test က သင့်ရဲ့အင်တာနက်မြန်နှုန်းဟာ သင့်ကို ကတိပေးထားတာထက် တစ်ဝက်ခန့် လျော့နည်းနေတယ်ဆိုပါက ဒါဟာပြဿနာရှိနေပြီကို ပြသနေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ သင့်ဘက်ကလဲ မတူညီတဲ့အချိန်များတွင် ထပ်မံစမ်းသပ်ကြည့်သင့်ပါသေးတယ်။ 
 
Data အတွက် မြန်နှုန်းကို အင်တာနက်မှတဆင့် transfer လုပ်ပြီး byes per second (B/s) သို့မဟုတ် bits per second ( bps) ဖြင့် တိုင်းတာပါသည်။ ကုမ္ပဏီတော်တော်များသည် သူတို့၏ မြန်နှုန်းကို bps ဖြင့် ဖော်ပြရန် ရွေးချယ်ကြပါသည် အဘယ်ကြောင့်ဆိုသော် နံပါတ်များသည် ကြီးကြီးဖြင့် ပေါ်လာသောကြောင့်ဖြစ်ပါသည်။

လူကြီးမင်း၏ အင်တာနက် connection တွင် မတူညီသော မြန်နှုန်းနှစ်ခုရှိပါသည်။ ၎င်းတို့မှာ Download Speed နှင့် Upload Speed တို့ဖြစ်ပါသည်။ Internet Service Provider များသည် ၎င်းတို့၏ Maximum Download Speed ကိုသာ ပေးလိုကြပါသည်။ Download Speed ဆိုသည်မှာ ကောင်းမွန်တဲ့ အခြေအနေတစ်ခုမှာ web page တစ်ခုကနေ သီချင်းတွေ ရုပ်ရှင်တွေကို လူကြီးမင်းရဲ့ ကွန်ပျူတာက ဘယ်လောက်မြန်မြန် Download လုပ်နိုင်လဲဆိုသည်ကို ပြသပေးခြင်းဖြစ်ပါသည်။ သို့သော် cloud ပေါ်တွင် File များကိုသိမ်းဆည်းလိုပါက လူကြီးမင်းသည် လူကြီးမင်း၏ ISP က upload speed မည်မျှရှိသည်ကို မှတ်ထားရန်လိုအပ်ပါသည်။ Upload Speed ဆိုသည်မှာ data များကို လူကြီးမင်း၏ ကွန်ပျူတာမှတဆင့် အင်တာနက်သို့ပေါ်သို့ မည်မျှအချိန်အတွင်း ပေးပို့နိုင်မှုကို ပြသခြင်းဖြစ်ပါသည်။

VNet မှ ဖိုင်များကို upload လုပ်သည့်အခါ လူကြီးမင်းသည် 125KB/s မြန်နှုန်းကို တွေ့မြင်ရမည်ဖြစ်ပြီး ၎င်းသည် 1Mbps မြန်နှုန်းနှင့် အတူတူပင်ဖြစ်ပါသည်။ ရှေ့တွင် ရှင်းပြသကဲ့သို့ 1 byte သည်  8 bits နှင့် အတူတူပင်ဖြစ်ပါသည်။ အောက်တွင် ဖော်ပြထားသည်ကို လေ့လာပါ။

  • 125KB/s = 125,000 bytes of data per second.
  • 1Mbps = 1,000,000 bits of data every second.
  • 125,000 bytes x 8 = 1,000,000 bits

ဒီနေရာမှာ Kb/s နဲ့ MBps တို့အကြား ရောထွေးမှုအချို့ရှိနေပြီး ကျွန်ုပ်တို့က ဘာကြောင့် အင်တာနက် speed များကို ဒီအရာတွေထဲက တစ်ခုခုနဲ့တိုင်းတာရသလဲဆိုတာကို သိချင်ကြမှာပါ။ အများအားဖြင့် လူကြီးမင်းတို့ရဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူက ကိန်းဂဏန်းတစ်ခုနဲ့ဖော်ပြပေးလိုက်ပြီး အွန်လိုင်းပေါ်က အင်တာနက်မြန်နှုန်းစစ်ဆေးသူများကတော့ အခြားကိန်းဂဏန်းတစ်ခုနဲ့ ဖော်ပြနေပါတယ်။ လူအတော်များများက 1Mbps ဆိုတာက 1MB/s နဲ့ ညီမျှတယ်လို့ ယူဆနေကြပါတယ်။ ဒါဟာ တစ်ကယ်တမ်းမှာတော့ မှားနေပါတယ်။ 

Bytes နဲ့ Bits များ 

ဒီရောထွေးမှုဟာ အဓိကအားဖြင့် bytes နဲ့ bits များကြောင့်ပဲဖြစ်ပါတယ်။ ဒီစကားလုံးတွေက ဒေတာပမာဏကိုတိုင်းတာဖို့အတွက် မတူကွဲပြားတဲ့ နည်းလမ်း ၂မျိုးပဲဖြစ်ပါတယ်။ သူတို့ ၂ခုဟာ ဆင်တူနေသော်လည်း 1 bytes ဟာ 8 bits နဲ့ ညီမျှပါတယ်။ ရောထွေးမှုများကို လျှော့ချနိုင်ရန်အတွက် bytes နဲ့ bits များကို ရေးသားရာတွင် ကွဲပြားအောင်ရေးသား ကြပါတယ် - bytes များကို "B" အကြီးစာလုံးနဲ့ ရေးသားကြပြီး bits များကိုတော့ "b" အသေးစာလုံးနဲ့ ရေးသားကြပါတယ်။ 

•             1 byte is 1B

•             1 bit is 1b

အလွန်များပြားတဲ့နံပါတ်များကိုရေးသားရမည့်အစား ကျွန်ုပ်တို့က bytes များကို Kilobytes (KB) နဲ့ Megabytes (MB) ဟူ၍သုံးနှုန်းတတ်ကြပါတယ်။ 

•             1 kilobyte = 1000 bytes = 1KB

•             1 megabyte = 1000000 bytes = 1MB

kilobits (Kb) နဲ့ megabits (Mb) တို့ကိုလည်း ထို့နည်းတူပဲ ရေးသားဖော်ပြကြပါတယ်။ 

•             1 kilobit = 1000 bits = 1Kb

•             1 megabit = 1000000 bits = 1Mb

၎င်းအရာအတွက် အကြောင်းပြချက်အချို့ ရှိနေပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ ကျွန်ုပ်တို့က အခြား operator များနဲ့ မတူတဲ့ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပါတယ်။ ကျွန်ုပ်တို့ထံတွင် အင်တာနက် connection ကို တည်ဆောက်/ တပ်ဆင်ရန်အတွက် ကမ္ဘာ့အဆင့်မှီ နည်းပညာကျွမ်းကျင်သူများလည်းရှိနေပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကျွန်ုပ်တို့ဟာ ရင်းနှီးမြှုပ်နှံသူများကို ပေးရမည့်ချေးငွေနှင့် အလွန်များပြားတဲ့ လခများကိုရယူမထားတဲ့ အတွက်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ တည်ငြိမ်၊ သက်သာတဲ့အင်တာနက်လိုင်းများကို မြန်မာနိုင်ငံရှိလူတိုင်း သုံးစွဲ၍ ရနိုင်စေဖို့ပဲဖြစ်ပါတယ်။ 

VNet ရဲ့ အင်တာနက်လိုင်းများကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအင်တာနက်လိုင်း အမျိုးအစားကို တပ်ဆင်ထားသည်မဆို ကျွန်ုပ်တို့က သင့်အတွက် ဖြစ်နိုင်သမျှ အမြင့်မားဆုံးသော အင်တာနက်မြန်နှုန်းကို ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 

အသေးစိတ်ဈေးနှုန်းတွေအတွက် Link ကိုနှိပ်ပါ။ 

ကျွန်ုပ်တို့ထံမှ သင်စတင်တပ်ဆင်ခဲ့တဲ့နေ့မတိုင်မှီ (၅) ရက်အလိုတွင် Viber မှတဆင့်ကြိုတင်၍ invoice ပေးပို့ထားမှာဖြစ်ပြီး SMS ဖြင့် သတိပေးအကြောင်းကြားမှုကိုလည်း ပေးပို့သွားမှာဖြစ်ပါတယ်။ ငွေပေးချေမှုများကို invoice (သို့မဟုတ်) SMS ကို ကျွန်ုပ်တို့ထံမှ ရရှိပြီး (၅) ရက်အတွင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အကယ်၍ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မှီ အချိန်မှီငွေပေးချေခြင်းကို မပြုလုပ်နိုင်ခဲ့ပါက ဝန်ဆောင်မှုကို ကျွန်ုပ်တို့ရဲ့ system က အလိုအလျှောက်ရပ်တန့်သွားမှာဖြစ်ပါတယ်။ 

Deposit ကို စတင်တပ်ဆင်ရာတွင် တစ်ပါတည်းပေးဆောင်ရမှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုကို အသုံးပြုပြီးသည့် ၁၃ လမြောက်တွင် လစဉ်ကြေးထဲမှ ပြန်လည်ခုနှိမ်ပေးသွားမှာဖြစ်ပါတယ်။ Deposit ကို ငွေသားအဖြစ်ပြန်လည်အမ်းပေးခြင်းမရှိပါ။ 

ကျွန်ုပ်တို့ရဲ့ System က အင်တာနက်ဝန်ဆောင်မှုကို ရပ်တန့်ခြင်းမပြုလုပ်မှီ ၃ နာရီအလိုတွင် လူကြီးမင်းတို့ register ပြုလုပ်ထားတဲ့ ဖုန်းနံပါတ်သို့ SMS ဖြင့် သတိပေးစာပေးပို့ပေးမှာဖြစ်ပါတယ်။ အကယ်၍ ညနေ ၅း၃၀ မတိုင်မှီတွင် ကျသင့်ငွေကို ပေးချေနိုင်ပါက တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များတွင် အင်တာနက်ဝန်ဆောင်မှုကို အချိန်အနည်းငယ်စောင့်ဆိုင်းပြီးနောက် ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ငွေပေးချေမှုများကို တနင်္လာနေ့မှ စနေနေ့ (မနက် ၉း၀၀ - ညနေ ၅း၃၀) အတွင်းပြုလုပ်ပေးဖို့လိုအပ်ပြီး invoice တွင်ဖော်ပြထားတဲ့ “နောက်ဆုံးငွေပေးချေရမည့်နေ့ရက်” မတိုင်မှီ ကျသင့်ငွေကို ပေးချေမှုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 

ဝန်ဆောင်မှုရရှိရန်အတွက် လုပ်ငန်းစဉ်များက ဘာတွေလဲ? 

Vnet မှ ဝန်ဆောင်မှုပေးမည့် Secured Wireless Broadband or FTTH (fiber optics to home)  မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

၁. Vnet ၏ ခွင့်ပြုချက်ရထားသော အရောင်းကိုယ်စားလှယ်များမှ ရှင်းပြပေးမည်ဖြစ်ပြီး လူကြီးမင်း၏ လိုအပ်ချက်ပေါ်မူတည်ပြီး  Tariff Plan ကို အပြီးသတ်ပေးပါမည်။ ထို့နောက် အမှာစာကို မှတ်ပုံတင်ပါမည်။ ( ဤအဆင့်တွင် ငွေပေးချေမှုပြုလုပ်ရန်မလိုပါ)။

၂။ အမှာစာကို တင်ပြီးသည်နှင့် လူကြီးမင်း အမည် ၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်ထားသော ဖုန်းနံပါတ်၊ အီးမေလ်နှင့် tariff plan ကို မှန်ကန်ကြောင်းအတည်ပြုရန်အတွက် ခေါ်ဆိုမှုကို လက်ခံရရှိမည်ဖြစ်ပါသည်။

၃။ Vnet ၏ authorized representative သည် မှာယူသူ၏ အဆိုပြုချက်အတိုင်း Service Demo ကို ရှင်းပြရန်အတွက် Appointment ရယူပြီး လာရောက်တွေ့ဆုံပါမည်။ ထို့နောက် လူကြီးမင်းသည်  "Installation လုပ်မည့်နေရာတွင် Service Demo ကို အောင်မြင်စွာ ရယူနိုင်ရန်" မှာယူထားသည့်ပမာဏကို ပေးချေရမည်ဖြစ်ပါသည်။

၎။ ဝန်ဆောင်မှုအား installation ပြုလုပ်ခြင်းကို subscription amount အား အတည်ပြုပြီး ၃ရက်အတွင် အပြီးပြုလုပ်ပေးမည်ဖြစ်ပါသည်။ Cheque ဖြင့် ပေးချေပါက ဝန်ဆောင်မှုအတွက် install ပြုလုပ်ရန် ၆-၁၀ ရက်ကြာမည်ဖြစ်ပါသည်။

၅။ Installation အောင်မြင်စွာ ပြုလုပ်နိုင်ရန် Vnet မှ လူကြီးမင်းအား Subscriber Registration Form ( SRF) ကို ပေးမည်ဖြစ်ပြီး ၎င်းဖောင်တွင် လိုအပ်သော information များကို မှန်ကန်စွာ ဖြည့်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါ စာရွက်စာတမ်းများကို submit ပြုလုပ်ရမည်ဖြစ်ပါသည်။

I. မိမိရဲ့ ID ( နိုင်ငံသားကတ် ) ( A4 ဆိုဒ် မိတ္တူ )

II. မိမိရဲ့လိပ်စာ (အိမ်ထောင်စုဇယား) ( A4 ဆိုဒ် မိတ္တူ )

III. ရောင်စုံဓာတ်ပုံ ပတ်စပို့ဆိုဒ်

လူကြီးမင်းသည် နိုင်ငံခြားသားတစ်ဦးဖြစ်ပါက

I. ဗီဇာစာရွက် မိတ္တူ

II. ပတ်စပို့ မိတ္တူ

III. ထောက်ခံသူ ဒေသခံ ၂ ဦး၏ (အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email ID)

လူကြီးမင်းသည် User ID ကို လူကြီးမင်းမှတ်ပုံတင်ထားသော Email နှင့် Mobile Number တွင် လက်ခံရှရှိမည်ဖြစ်ပါသည်။ Installation ပြုလုပ်ပြီးပါက Vnet ရဲ့ဝန်ထမ်းတစ်ဦးမှ (ကိုယ်စားလှယ်မှ) Login Page မှ တဆင့် Vnet Broadband ကို အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး လူကြီးမင်း၏ User Name နှင့် Password ကို Vnet ၏ကိုယ်စားလှယ်အပါအဝင် မည်သူ့ကိုမှ ပေးစရာမလိုအပ်ပါ။ 

လူကြီးမင်းတို့ဘက်က လုပ်ရမယ့် တစ်ခုတည်းသောအရာက package တစ်ခုကိုရွေးချယ်ပြီး Sign Up လုပ်ဖို့ပါပဲ။ 

ကျွန်ုပ်တို့က လူကြီးမင်းတို့အတွက် အထူး promotion တစ်ရပ်အနေနဲ့  လူကြီးမင်းတို့လက်ရှိပေးနေရတဲ့ နှုန်းထားအတိုင်းကို မြန်နှုန်း ၂ဆဖြင့်ရရှိနိုင်မယ့် ကမ်းလှမ်းချက် (သို့) လက်ရှိမြန်နှုန်းအတိုင်းကို ပေးရတဲ့နှုန်းထား တစ်ဝက်ခန့် လျှော့ပေးမည့် ကမ်းလှမ်းချက်တစ်ခုကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ 

အော်ဒါတင်သည့်အချိန်တွင် ငွေပေးချေမှုကို ပြုလုပ်ရန်မလိုပါ။